လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ် ကျွန်တော် အသက်မွေး၀မ်းကျောင်းအဖြစ် တက္ကစီ မောင်းခဲ့သည်။ တစ်ချိန်တော့ မှောင်မည်းနေပြီး အောက်ထပ်ပြတင်းပေါက်ကအလင်းရောင်လေးသာရှိတယ့် အိမ်တစ်ခုရှေ့ ခရီးသည်တစ်ယောက်ကို ခေါ်ဆောင်ဖို့ ညလယ်မှာ ရောက်ခဲ့သည်။
ဒီအခြေအနေမျိုးမှာဆိုရင် ကားသမား တောတော်များများက ဟွန်း တစ်ကြိမ်၊နှစ်ကြိမ်တီး ခဏစောင့်ပြီးရင် မောင်းထွက်သွားကြမှာပါဘဲ။ ဒါပေမယ့် ကျွန်တော်က တက္ကစီသာလျှင် သူတို့ရဲ့သွားလာရေးအတွက် အသုံးပြုကြတယ့် ဆင်းရဲသားတွေကို တွေ့ခဲ့ဘူးတယ်သည်။ အခြေအနေက အန္တရာယ်အငွေ့အသက်ကို မခံစားရပေမယ့် ကျွန်တော်ကတော့ အမြဲ တံခါးဆီကို သွားခဲ့ပါသည်။ ခရီးသည်က ကျွန်တော့်အကူအညီ လိုအပ်နေတာ ဖြစ်မယ်လို့ ကိုယ့်ဟာကို ပြောလိုက်သည်။ ဒါနဲ့ တံခါးဆီ လမ်းလျှောက်သွားပြီး တံခါးခေါက်လိုက်တာပေါ့။
"ခဏလေး" ချည့်နဲ့ပြီး အသက်ကြီးပုံရတယ့် အသံကို ကြားရတယ်။
တစ်စုံတစ်ခုကို ကြမ်းပြင်တစ်လျှောက် တစ်ရွတ်တိုက်ဆွဲလာသံကို ကျွန်တော် ကြားလိုက်ရပြီး တော်တော်လေးကြာမှ တံခါးက ပွင့်လာသည်။ အသက် ၈၀ နီးပါးရှိတယ့် အဘွားအိုတစ်ယောက် ကျွန်တော့်ရှေ့မှာ ရပ်နေပုံဘဲ။သူက ဆေးဘူးကိုင်ထားပြီး ဆေးသားဂါ၀န် ခြုံပ၀ါဦးထုပ်နဲ့ဗျ။ မြင်ရတာ ၁၉၄၀လောက်က လိုပါဘဲ။ နိုင်လွန်ခရီးဆောင်အိတ် အသေးလေးလည်း ပါသေး။
တိုက်ခန်းကတော့ နှစ်ပေါင်းများစွာ လူတစ်ယောက်မှ မနေသလို။ ပရိဘောဂတွေကို အိပ်ရာခင်းတွေနဲ့ လွှမ်းထားသည်။ နံရံမှာ နာရီမရှိ၊ ဘာမရှိနဲ့။ အခန်းထောင့်မှာတော့ ဓါတ်ပုံတွေ ဖန်ထည်တွေထည့်ထားတယ့် ကတ်ထူပြားပုံးတွေတော့ ရှိသား။
"ဒီအိတ်လေး ကားပေါ် တင်ပေးနိုင်မလား" သူက ပြောသည်။ ကျွန်တော် ခရီးဆောင်အိတ်ကို တက္ကစီပေါ်တင်ပြီး သူ့ကို ကူညီဖို့ ပြန်လှည့်လာခဲ့သည်။ သူက ကျွန်တော့်လက်ကို တွဲပြီး ကားဆီကို ဖြည်းဖြည်းလျှောက်လာသည်။ သူက ကျွန်တော့်ရဲ့ ကြင်နာမှုကို ကျေးဇူးတင်နေသေးသည်။
"မလိုပါဘူး"လို့ သူ့ကို ပြောလိုက်သည်။ "ကျွန်တော်က ခရီးသည်တွေကို ကျွန်တော့်အမေကို ဆက်ဆံသလို ဆက်ဆံတာဗျ"
"အို၊ မင်းက ကောင်းမွန်မှန်ကန်သော ကောင်လေးဘဲ"။ တက္ကစီစမောင်းတော့ သူက လိပ်စာပေးပြီး "မြို့လယ်ကောင်ကို ဖြတ်မောင်းပေးနိုင်မလား"လို့ မေးသည်။
"အနီးဆုံးလမ်းတော့ မဟုတ်ဘူးဗျ"လို့ လျင်မြန်စွာ ဖြေလိုက်သည်။
"အို၊ ကိစ္စ မရှိပါဘူးကွယ်"၊ "အလျင်မလိုပါဘူး၊ နာတာရှည်သက်ကြီးဆေးရုံကို သွားချင်ရုံပါ"
ကျွန်တော် နောက်ကြည့်မှန်က ကြည့်လိုက်တော့ သူမျက်လုံးတွေက ရွှဲရွှဲစိုလို့။
"အဘွားမှာ မိသားစု တစ်ယောက်မှ မကျန်တော့ပါဘူးကွယ်" သူက ဆက်ပြောနေသည်။ "ဆရာ၀န်ကလည်း ပြောလိုက်တယ် အဘွားအတွက် အချိန် သိပ်မရှိတော့ဘူးတယ့်ကွယ်"
ကျွန်တော် ကားမီတာကို ပိတ်လိုက်ပါသည်။ "အဘွား ဘယ်လမ်းကြောင်းက သွားချင်လဲ"လို့ မေးလိုက်သည်။
နောက်နှစ်နာရီလောက် မြို့ကို ပတ်မောင်းခဲ့ပါသည်။ သူ စက်လှေကားမောင်းသမားအဖြစ်လုပ်ခဲ့တယ့် အဆောက်အဦးရှေ့မှာ ရပ်ခိုင်းသည်။သူနဲ့သူယောက်ျား ညားခါစကနေခဲ့တယ့်နေရာက အိမ်နီးနားချင်းဆီလည်း သွားခဲ့သေးသည်။ သူက ကျွန်တော့်ကို သူကောင်မလေးအရွယ်တုန်းက ကခဲ့တယ့် အကခန်းမကိုလည်း ခေါ်သွားခဲ့သည်။
တစ်ခါတစ်လေ သူက သာမန်အဆောက်အဦးတစ်လုံးရှေ့ကို နှေးနှေးသွားဖို့ ပြောသည်။ သူကတော့ ထောင့်စွန်းအမှောင်လေးမှာ ရပ်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။
ညနေ နေစောင်းစ ပြုလာတော့ သူက ရုတ်တရက် ပြောသည်၊ "အဘွား ပင်ပန်းနေပြီ၊ ခု သွားရအောင်"
ကျွန်တော်တို့ သူပေးတယ့်လိပ်စာကို တိတ်ဆိတ်စွာ မောင်းလာခဲ့သည်။
ဆင်၀င်တွေနဲ့ အဆောက်အဦး သေးသေး နာလန်ထလူနာတွေ နေသလိုမျိုးအိမ်လေးကို ဖြတ်လာခဲ့သည်။ အထုပ်ထမ်းသမားက ပြေးလာပြီး သယ်သည်။ သူတို့ဟာ အဘွားရဲ့လှုပ်ရှားမှုတိုင်းကို အရေးတယူ ရှိကြသည်။ သူတို့က အဘွားကို မျှော်နေပုံဘဲ။ ကျွန်တော်က ကားနောက်ဖုံးကိုဖွင့်ပြီး ခရီးဆောင်အိတ်ကို လိုက်ပို့တာပေါ့။ အဘွားက ၀ှီးချဲပေါ်မှာ ထိုင်နေပြီ။
"ကားခ ဘယ်လောက်ကျလဲကွယ်" ပိုက်ဆံအိတ်ကို နှိုက်ရင်းမေးလိုက်သည်။
"မပေးပါနဲ့"
"မောင်ရင်က ငါ့ကို အသက်ရှင်စေတာပါဘဲ"
"တစ်ခြားခရီးသည်တွေရှိသားနဲ့ ဒီအဘွားကြီးကို"
ကျွန်တော် စဥ်းစားမနေဘဲ အဘွားကို ဖက်ထားလိုက်ပါသည်။ သူကလည်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလျက်ပေါ့။
"မောင်ရင်က ဒီအဘွားကြီးကို ပျော်ရွှင်မှု တစ်စိတ်တစ်ဒေသကို ပေးခဲ့တာပါ၊ ကျေးဇူးပါကွယ်"
ကျွန်တော် သူ့လက်ကို ဖျစ်ညှစ်နေမိပြီး မနက်လင်းအာရုဏ်မှာ ထွက်လာခဲ့သည်။ နောက်မှာတော့ တံခါးက ပိတ်ခဲ့ပြီ။ ဒါဟာ ဘ၀တစ်ခုရဲ့ နေ၀င်ချိန်အသံပေါ့။
ဒီအဆိုင်းမှာ ကျွန်တော် နောက်ထပ် ခရီးသည် ထပ်မတင် ဖြစ်တော့ပါဘူး။ ရည်ရွယ်ချက်မဲ့ အတွေးတံခါးပိတ်ပြီး ကားမောင်းနေခဲ့တယ်။ အဲဒီနေ့ရဲ့ ကျန်အချိန်တွေမှာ ကျွန်တော် စကားတောင် မပြောနိုင်ဘူး။ ဒီအဘွားအိုက ဒေါသကြီးတယ့် ကားသမားနဲ့ဖြစ်ဖြစ် သူ့အဆိုင်းကို မြန်မြန်ပြီးချင်နေတယ့် ကားသမားနဲ့ဖြစ်ဖြစ် တွေ့ခဲ့မယ်ဆိုရင်ရော။ အချိန်ခဏတာ သုံးသပ်မှုအပြီးမှာတော့ ဒီထက်ပိုအရေးကြီးတာကို ကျွန်တော့်ဘ၀မှာ လုပ်ဘူးတာ မရှိပါလားလို့ အတွေး ရခဲ့သည်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ဘ၀ရဲ့ အကြီးကျယ်ဆုံးအဖြစ်အပျက်တွေကို ပြန်ပြီး စဥ်းစားတတ်ကြသည်။ တစ်ခါတစ်လေ အကြီးကျယ်ဆုံးအဖြစ်အပျက်တွေဆိုတာ မမျှော်လင့်ဘဲ ဖြစ်တာမျိုးလေ။ တစ်ခြားသူက သေးသေးလေးလို့ ထင်တာတွေက တစ်ခြားသူတစ်ယောက်မှာ ကြီးကျယ်နေတာမျိုးလေ။
Credit to: A true story by Kent Nerburn, www.academictips.org

What a lovely notes that I got from this short Novel...Yes, we need to enjoy our valuable moment in a sweet box full of memories...For me I will love you more than today.Love you my sun...💓💓💓
ReplyDelete