တစ်ချိန်တော့ အဖေက သူ့ရဲ့ပါးပါးလှပ်လှပ်ခေါင်းပေါ်မှာ ဆံပင်ဖြူတွေတော့ အမေ့ကို နှုတ်ပေးဖို့ ပြောတယ်။
အချိန်မဆိုင်းဘဲ ကျယ်လောင်စွာ အော်ဟစ်ရင်း အမေ့ကို တားလိုက်တယ်။အမေ မလုပ်နဲ့၊ အဖေ့မှာ ဆံပင်နည်းနည်းဘဲ ရှိတော့တာ သူ ဒါကို လိုတယ်။
Agot Panaguiton, Philippines
အရုပ်တွေမှာ ရေးထားတယ်၊ သုံးနှစ်နဲ့အထက်။"အထက်" ဆိုတာက အဖေတွေရဲ့ အသက်ကို ဆိုလိုတာပါ။
Zehra Tariq, Pakistan
အဖေက သားကိုပြောတယ်၊ အမြဲတမ်း အမြင့်ဆုံးအဆင့်တွေမှာ ရောက်နေတဲ့ သူ့သူငယ်ချင်းတွေလို ဖြစ်ဖို့လိုပြီလို့။
အဖေ။ ။ မင်း ဂျွန်လို ဖြစ်သင့်တယ် သား၊ သူက ကျောင်းမှာလည်း အားလုံးနဲ့ အဆင်ပြေပြီး အဆင့်လည်းကောင်းတယ်။
သား။ ။ ဒါတော့ အဖေ မမျှတဘူး။ ဂျွန်အဖေက စမတ်ကျတယ်လေ။
Credit to: www.rdasia.com , September 2011, 8th Annual Humor Issue
အဖေ။ ။ မင်း ဂျွန်လို ဖြစ်သင့်တယ် သား၊ သူက ကျောင်းမှာလည်း အားလုံးနဲ့ အဆင်ပြေပြီး အဆင့်လည်းကောင်းတယ်။
သား။ ။ ဒါတော့ အဖေ မမျှတဘူး။ ဂျွန်အဖေက စမတ်ကျတယ်လေ။
Ruth Bajo, Philippines
သို့
အဖေနဲ့အမေ
ပီနိုချီကိုက လူလိမ်ဘဲ။
ရော်ဘင်ဟုကတော့ သူခိုးလေ။
တာဇံက အ၀တ်အစားမပါဘဲ လျှောက်သွားနေတာဘဲ။
မြင်ပြီမလား ချစ်ရသော အဖေနဲ့အမေ၊ သားတို့သမီးတို့ကို အပြစ်မတင်ပါနဲ့။
ငယ်စဥ်ကတည်းက ဒီလိုပုံပြင်တွေနဲ့ ကြီးပြင်းခဲ့တာကိုး။
အဖေနဲ့အမေ
ဂျပ်စမင်က ညစ်ပတ်ပြီး အိမ်မရှိ ယာမရှိ ကောင်လေး အာလာဒင်နဲ့ ကြိုက်ခဲ့တယ်။
မနှင်းဖြူက ယောက်ျားလေး ခုနှစ်ယောက်နဲ့ နေတယ်။ပီနိုချီကိုက လူလိမ်ဘဲ။
ရော်ဘင်ဟုကတော့ သူခိုးလေ။
တာဇံက အ၀တ်အစားမပါဘဲ လျှောက်သွားနေတာဘဲ။
လူစိမ်းက အိပ်ပျော်နေသောမိန်းမပျိုကို နမ်းတော့ မိန်းမပျိုက သူနဲ့ တန်းလက်ထပ်လိုက်တာဘဲ။
စင်ဒရဲလားက လိမ်ပြီး ပါတီတက်ဖို့ ညမှာ ထွက်သွားတယ်လေ။
ငယ်စဥ်ကတည်းက ဒီလိုပုံပြင်တွေနဲ့ ကြီးပြင်းခဲ့တာကိုး။
ချစ်တဲ့ သားသမီးများ
Nadiah Jamalukhair, Malaysia
ကျွန်တော်ရဲ့ သူငယ်တန်းအရွယ်သားနဲ့ စျေးတစ်ခုမှာ ရောက်နေခဲ့တယ်။ ကျွန်တော်တို့ ဗုံးရှင်းခွေးနဲ့အစောင့်နားက ဖြတ်လာတော့ သားခမျာ မျက်လုံးကို မလွှဲနိုင်ရှာဘူး။ သူက လှည့်ပြီး ကျွန်တော့်ကို မေးတယ် "အဖေ့၊ သားထင်တာတော့ ခွေးက ရေးတတ်၊ ဖတ်တတ်ပြီးသား ထင်တယ်နော်"
ကျွန်တော်က သားရယ် ခွေးကဘယ်လို ရေးတတ် ဖတ်တတ်မှာလဲ။
သားက "အဲလို မထင်ဘူး ဖေဖေ။ သား ဘယ်လို ရေးရမယ် ဖတ်ရမယ်ဆိုတာ နည်းနည်းသိတယ်၊ ပြီးတော့ သားက ခုမှ သ၂ လေ၊ ခွေးက သ၉ ရောက်နေပြီ"
မှတ်ချက်။ ။ သ၂ - သူငယ်တန်း-၂
ကျွန်တော်က သားရယ် ခွေးကဘယ်လို ရေးတတ် ဖတ်တတ်မှာလဲ။
သားက "အဲလို မထင်ဘူး ဖေဖေ။ သား ဘယ်လို ရေးရမယ် ဖတ်ရမယ်ဆိုတာ နည်းနည်းသိတယ်၊ ပြီးတော့ သားက ခုမှ သ၂ လေ၊ ခွေးက သ၉ ရောက်နေပြီ"
မှတ်ချက်။ ။ သ၂ - သူငယ်တန်း-၂
Nino Paolo L. Quinones, Philippines
ကျွန်တော် ကလေးဘ၀တုန်းက အရမ်းအဆော့မက်တယ်။ တစ်နေ့ အဖေက သည်းခံနိုင်စွမ်း ကုန်သွားပြီး ကျွန်တော့်တင်ပါးကို ရိုက်ပြီး အပြစ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။
"မင်း ငိုတာ မရပ်မခြင်း ငါရိုက်တာ မရပ်ဘူးကွ" လို့ အဖေက ပြောတယ်။
ကျွန်တော် အဖေ့ကို ခုထိမှတ်မိနေသော အမေ့ကိုလွမ်းစေတယ့် စကားတစ်ခွန်းဘဲ ပြောခဲ့တယ်။
"ဆက်ရိုက်နေရင်တော့ ငိုတာ ဘယ်လို ရပ်မှာလဲ"
Mae M.Borromeo, Philippines
No comments:
Post a Comment